နေပြည်တော်၊ ၈ ဒီဇင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေကျပ်(၂၃၀ ဒသမ ၄၂၁)သန်းဖြင့် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး-ကျော်ခိုကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ (၆၅)ပေ သံကူကွန်ကရစ်တံတား(၂)စင်း တည်ဆောက်ရန် မြေစမ်းသပ် မှုပြုလုပ်ခဲ့ကြောင်း ကော့ကရိတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစောထူးနှင့် တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက ဒေသခံပြည်သူ များသည် ကော့ကရိတ်မြို့နယ်၊ နဘူးတံခွန်တိုင်ကျေးရွာအုပ်စု၊ ထို့ကော်ကိုးကျေးရွာမှ မြဝတီမြို့သို့လည်းကောင်း၊ မြဝတီမြို့နယ် ရွှေကုက္ကိုသို့လည်းကောင်း အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ပြီး ဒေသအတွင်းရှိ ထုတ်ကုန်များအား သယ်ယူပို့ဆောင်ရေး ပိုမိုလွယ် ကူချောမွေ့စေမည့်အပြင် ယခုကာလတွင် ဒေသ၌ တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာပြီး နေ့စဉ်ပုံ မှန်ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်း(ကော့ကရိတ်)


