ကျိုက်မရော ၊ ၈ ဒီဇင်ဘာ
မွန်ပြည်နယ်၊ ၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၃၃ ဒသမ ၂၇ သန်း အသုံးပြုကာ ကျေးရွာ ၁၄ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ် ငန်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောက် သုံးရေများ ဖူလုံစွာ ရရှိရေးအတွက် ဦးစာပေး ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀-၂၀၂၀ခု ဘဏ္ဍာရေး နှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေကျပ် ၁၃၃ ဒသမ ၂၇ သန်းဖြင့် ကျေးရွာ ၁၄ ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ကိုးခု၊ အခြားရေရရှိရေးလုပ်ငန်း ငါးခု၊ ဂါလန် (၂၄၀ဝ)ဆံ့ အမြင့်တင် ရေစင် တည်ဆောက်ခြင်းလုပ်ငန်းရှစ်ခု၊ ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန်တည် ဆောက်ခြင်း လုပ်ငန်းနှစ်ခု ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းသုံးခု၊ အလျား ၅ ပေ အနံ ၅ ပေ အမြင့် ၇ ပေ ရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ၁၀ ခုနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်မှာတော့ အဆိုပါလုပ်ငန်းများ အပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူဆောင်ရွက် လျက်ရှိ ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့် ဦးကိုကို ထံမှ သိရသည်။
အဆိုပါ ကျေးလက်ရေပေးရေးလုပ်ငန်းများအားလုံးဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၄ ရွာရှိ အိမ်ခြေ ၃၈၀၁ အိမ်၊ လူဦးရေ ၂၃၄၅၁ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်တို့အတွက် ရာသီမရွေးသောက်သုံး ရေများ ဖူလုံစွာရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)


