အိမ်မဲ  ၊ ၈   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ နယ်သရက်ကုန်းကျေးရွာ  သရက်ကုန်းတိုက်နယ် ကျန်းမာရေး ဦးစီးဌာနတွင် ပြည်သူလူထုကျန်းမာရေးစကားဝိုင်းကို ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ သရက်ကုန်းတိုက်နယ်ဆရာဝန် ဒေါက်တာခင်သူဇာအောင်က "ကိုယ်ဝန်ဆောင်၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု"၊ အမျိုးသမီးကျန်းမာရေးဆရာမ နန့်မူဌေးယဉ် က "မိခင်နှင့်ကလေး ကျန်းမာရေး မြှင့်တင်သူများ၏ လုပ်ငန်းဆောင်ရွက်မှုများ"၊ သရက်ကုန်းတိုက်နယ် ရဲစခန်းမှူး ဦးနေလင်းထွန်းက "ကိုယ်ဝန်ဖျက်ချခြင်း ဥပဒေ"၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁) ဦးအောင်ဇော်ဦးက" စံပြယင်လုံအိမ်သာ ဆောက်လုပ်ခြင်းနှင့် တီဘီသံသယလူနာ ရှာဖွေခြင်း၊ သလိပ်စစ်ခြင်း'' အစရှိသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စကားဝိုင်းသို့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ ကျန်းမာရေး အကြောင်း စိတ်ပါဝင်စားသူပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)