လှိုင်းဘွဲ ၉ ဒီဇင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကန့်သတ်စောင့်ကြည့်ရေး စခန်းများ စီစဉ်ဆောင်ရွက်ပြီး စောင့်ကြည့်လျှက်ရှိရာ မြိုင်ကြီးငူအထူးဒေသ နန်းသီလာမြိုင် ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ ၁၄ ရက် ပြည့်မြောက်သူ(၃၉)ဦးအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးကာ ဒီဇင်ဘာ ၈ ရက်က မိမိနေအိမ်များသို့ ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း သိရှိရသည်။
အသွားအလာ ကန့်သတ်စောင့်ကြည့်ခံယူခြင်း (၁၄) ရက်ပြည့်မြောက်ပြီး သတ်မှတ်နေရာ စောင့်ကြည့်ရေးစခန်းမှ မိမိနေအိမ်များသို့ ပြန်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း မိမိနေအိမ်တွင်လည်း (၇)ရက် ပြန်လည်နေထိုင်ရန်၊ Mask များကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ လူစည်ကားရာနေရာများ သွားခြင်းအား ရှောင်ကြည်ရန်၊ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ် အကြောင်းကြားရန်တို့ကို မြိုင်ကြီးငူတိုက်နယ်ဆရာဝန် ဒေါက်တာသန်းထိုက်အောင်က မှာကြားခဲ့ပြီး (၁၄)ရက် နေထိုင်ခဲ့ကြသည်မှာ မှန်ကန်ကြောင်း အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


