သန်လျင် ၉ ဒီဇင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ မြို့မဈေးကြီးတွင် မီးဘေးအန္တရယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သရုပ်ပြဇတ်တိုက် လေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါဇတ်တိုက်လေ့ကျင်ရာတွင် ဈေးသူဈေးသားများအား လက်တွေ့မီးငြိှမ်းသတ်နည်း သရုပ်ပြခြင်း၊ မီးသတ်ယာဉ်များဖြင့် ငြှိမ်းသတ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ကူညီဆောင်ရွက်ပေးကြသည်။
ထို့နောက် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးက မြို့မဈေးကြီးအတွင်း အရေးပေါ် မီးငြိှမ်းသတ်နိုင်ရန် မီးချိတ်မီးကတ်များ၊ သဲအိတ်များ ထားရှိပေးသည့်အပြင် အဆင်သင့် အသုံးပြုနိုင်ရန် ရေငုတ်လေးခုကိုလည်း စီစဉ်ထားရှိကြောင်း၊ ဈေးအတွင်း မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း လက်ကမ်းစာစောင်များ ဖြန့်ဝေ အသိပေးဆောင်ရွက်ထားကြောင်း၊ မီးပေါ့ဆမှုမရှိစေရေး နေ့စဉ် လက်ကိုင်အသံချဲ့စက်များဖြင့် သတိပေးနှိုးဆော်လျက်ရှိကြောင်း ပြောကြားသည်။
ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ပြီးချိန်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှုးနှင့် တာဝန်ရှိသူများသည် မြို့မဈေးကြီးအတွင်း မီးဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးအတွက် စီစဉ်ထားရှိသော မီးချိပ်၊မီးကဒ်၊ရေသဲနှင့် မီးသတ်ဆေးဘူးများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)