တပ်ကုန်း ၊  ၉    ဒီဇင်ဘာ

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် နှစ်(၁၀ဝ) ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက တပ်ကုန်းမြို့မဈေး အတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

mdn

 

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့  နိုင်ငံတော်သမ္မတ  ဉီးဝင်းမြင့်ထံမှ ပေးပို့သည့်  သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၁၆-၁၀-၂၀၁၉ ရက်တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များ၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေများ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်ကဗျာနှင့် ၂၀၂၀ ပြည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ပါဝင်၍ ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)