မိုင်းယောင်း၊   ၉   ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေိ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၉ ရက် တွင် ကျရောက်သည့် နှစ်(၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမ၌ ကျင်းပ၍ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော် လင်းနှင့် ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ အဓိဋ္ဌာန်ကဗျာ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအကြောင်း၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ စသည့်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အားချာ