ဘောဂလိ ၊    ၉  ဒီဇင်ဘာ

 

ကရင်ပြည်နယ် ဘားအံခရိုင် ဘောဂလိမြို့ရှိ  ကျေးလက်ကျန်းမာရေးဌာနသည် ဒေသနေပြည်သူများ  ကျန်းမာရေးဗဟုသုတအသိပညာ ရရှိစေရန်နှင့်  အသက်(၂)နှစ်အောက် ကလေးငယ်များ  ကူးစက် ရောဂါများမှ  ကြိုတင်ကာကွယ်နိုင်ရန်  ရည်ရွယ်၍  ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို  ဒီဇင်ဘာ  ၈  ရက် နံနက်ပိုင်းက   ဘောဂလိမြို့  ဒိုးဒိုးကျေးရွာ၌  ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

 

mdn

 

အဆိုပါ  ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းတွင်   အသက်(၂)နှစ်အောက်  ကလေးငယ်များအား   (၅)မျိုးစပ်ကာကွယ်ဆေး၊  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီပိုး၊ ဦးနှောက် အမြှေးရောင် ရောဂါ၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်ရောဂါ  စသည် တို့ကို  ဘောဂလိတိုက်နယ်ဆေးရုံ  သားဖွားဆရာမ  ဒေါ်ဖြိုးနန္ဒာဦး နှင့်  တာဝန်ရှိသူများက  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  လမ်းညွှန်ချက်နှင့်အညီ  ကာကွယ်ဆေးထိုးနှံ  တိုက်ကျွေး ခြင်းများ   ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

 

နီလာအေး(ပြန်/ဆက်)