တံတားဦး၊ ၉ ဒီဇင်ဘာ
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်နှင့် လူနာစောင့်များ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်း က ချွဲစုတ်စက်၊ ချွဲချေစက်နှင့် အောက်ဆီဂျင်(၃)လုံးတို့ကို လာရောက်လှူဒါန်းကြောင်း သိရသည်။
တံတားဦးမြို့နယ် အိမ်သစ်တန်းရပ် ဦးမောင်မောင်-ဒေါ်တင်အေး (တော်ဝင်ရတနာ ရွှေဆိုင်) မိသားစုမှ ချွဲစုတ်စက် ၊ ချွဲချေစက်နှင့် အောက်ဆီဂျင် (၃)လုံးတို့ကို လာရောက်လှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ အလှူရှင်က တံတားဦးမြို့ အနှိုင်းမဲ့ပါရမီ လူမှုကူညီရေးအသင်းသို့ လိုအပ်သောနေရာများတွင် အသုံးပြု နိုင်ရန် အလှူငွေကျပ်(၅)သိန်း လှူဒါန်းရာ လူမှုကူညီရေးအသင်းဝင် တစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)


