တောင်တွင်းကြီး၊   ၉  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် Stay at home သတ်မှတ်ထားစဉ်ကာလအတွင်း နေအိမ်ပြင်ပထွက်ခွာသူများအား စစ်ဆေးခြင်းကို  ဒီဇင်ဘာ  ၉  ရက် နံနက် ၇ နာရီမှ စတင်ကာ မြို့လယ်လမ်းဆုံ၊ ဘူတာပတ်လမ်းထောင့်နှင့် ချောင်းနက်ကျေးရွာတို့တွင် ပူးပေါင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

နေအိမ်ပြင်ပသို့ ထွက်ခွာလာသူများအား ပြင်ပထွက်ခွာခွင့်ကတ်ပြား ပါ/မပါ စစ်ဆေးခြင်း၊ မဖြစ်မနေ အကြောင်းကိစ္စရှိမှသာ နေအိမ်ပြင်ပသို့ ထွက်ခွာကြရန် စစ်ဆေးကြပ်မက်ခြင်းများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးဝင်းမြင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာရပ်ကွက်များအလိုက် လမ်းများတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်ဆေးကြပ်မက်ခြင်းများကို ဆောင်ရွက်သည်။

 

mdn

 

တောင်တွင်းကြီးမြို့နယ်တွင် ဒီဇင်ဘာ  ၉ ရက်  နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၂၈ ဦးရှိပြီဖြစ်ပြီး ဒေသတွင်းကူးစက်သူ ဓာတ်ခွဲအတည်ပြုလူနာများ အချိန်တိုကာလအတွင်း များပြား လာခြင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ဒီဇင်ဘာ  ၈  ရက် ရက် ဝ၀:ဝ၁ နာရီမှ ဒီဇင်ဘာ ၁၄ ရက် ၂၄:ဝ၀ နာရီအထိ မိမိနေအိမ်တွင် Stay at home နေထိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမိန့်ကြေညာစာအမှတ် (၂/၂၀၂၀)ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)