ရန်ကုန် ၊   ၉   ဒီဇင်ဘာ

 

နိုင်ငံ၏ အမွေအနှစ်တစ်ခုဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရသော ဧရာဝ တီ လင်းပိုင်းများ ရှင်သန်ကျက်စားနိုင်ရန် ပြည်သူတို့ ပါဝင်လှူဒါန်းနိုင်မည့် လူမှုအကျိုးပြုအစီအစဉ်ဖြင့် ပရီ  မီယာမှ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်းသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀ဝ၂ ခုနှစ်တွင် ပထမဆုံးအကြိမ် နည်းပညာအကူအညီဖြင့် စစ်တမ်းကောက်ယူမှုအရ ဧရာဝတီလင်း ပိုင်များ ကျက်စားနေထိုင်ရာ ဗန်းမော်နှင့် မင်းကွန်းကြား ကီလိုမီတာ ၄၀ဝ ရှည်သော ဧရာဝတီမြစ် ကြောင်းတစ်လျှောက် ကျက်စားသော လင်းပိုင်းများမှာ ယခုအခါ အနည်းငယ်သာကျန်ရှိသောကြောင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်၍ ပရီမီယာ၏ (၁၅)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ‘ဧရာဝတီ လင်းပိုင်တို့ဌာနီ ပရီမီယာနှင့်အတူ ပူးပေါင်းကာကွယ်မည် အစီအစဉ်တွင် ပါဝင်နိုင်ကာ ဧရာဝတီ လင်းပိုင်ပုံပါဝင်သော ပရီမီယာအထုပ်သေးတစ်ထုပ်မှ ငွေတစ်ကျပ်နှုန်းဖြင့်  ငါးလုပ်ငန်းဦးစီး ဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(Wildlife Conservation Society-WCS)တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော ‘ဧရာဝတီလင်းပိုင်ထိန်း သိမ်းရေးလုပ်ငန်းစီမံကိန်း သို့ ငွေကျပ်သိန်း ၅၀ဝ၀ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ကောက်ယူထားသော စာရင်းအရ ဧရာဝတီလင်းပိုင် ၇၉ ကောင်သာ ကျန်ရှိပြီး သေဆုံးမှုလည်းရှိရာ ဇူလိုင် ၁၀ ရက်က စဉ့်ကူးမြို့နယ် ဆည်ထည်ကျေးရွာ အနီးလင်းပိုင်း တစ်ကောင် သေဆုံးခြင်းဖြစ်၍ ယခုနှစ်အတွင်း ခြောက်ကောင်မြောက် သေဆုံးခြင်းဖြစ်ကြောင်း၊ တစ်နှစ်လျှင်တစ်ကောင်မှ ငါးကောင်ထိ သေဆုံးတတ်ရာ ယခုနှစ်တွင် ပိုမိုသေဆုံးခြင်းဖြစ်၍ လူတို့၏ ပယောဂကြောင့် သေဆုံးခြင်းဖြစ်ကြောင်းနှင့် ဧရာဝတီလင်းပိုင်များကို သဘာဝအမွေအနှစ်အနေဖြင့် ယူနက်စကိုက ၂၀၁၄ ခုနှစ်တွင် ပဏာမစာရင်းအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရသည်။

 

သန်းထိုက်