လောင်းလုံး၊ ၉ ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ဒီဇင်ဘာ ၉ ရက် နံနက် ၇ နာရီက ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသားအောင်ပွဲနေ့သန္နိဌာန် ကဗျာ၊ အမျိုးသားနေ့သမိုင်းကြောင်း၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက်များ ပါဝင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက တာဝန်ခံထုတ်ဝေ၍ အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်အတွက် လောင်းလုံးမြို့မဈေးနှင့် လက်ဖက်ရည်ဆိုင်တို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

သိန်းသိန်း(ပြန်/ဆက်)