နေပြည်တော်၊ ၉ ဒီဇင်ဘာ
14th Meeting of ARMAC Steering Committee အစည်းဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ARMAC ၏ Steering Committee ဝင်များဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်အောင်၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ထင်အောင်ကျော်တို့က နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ဦးဆောင်လမ်းညွှန် ကော်မတီဝင်ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) မှ Mr. Prum Suonpraseth (Executive Director, ARMAC) နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ARMAC ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်အား ဗီယက်နမ်သံအမတ်ကြီးက ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် ARMAC ၏ Steering Committee အစည်းအဝေး (၃)လတစ်ကြိမ် ပုံမှန်ကျင်းပမှုအစား (၄)လတစ်ကြိမ် ပြောင်းလဲကျင်းပရန် သတ်မှတ်အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


