နေပြည်တော်၊ ၉ ဒီဇင်ဘာ

 

၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၂၁ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အဆင့်မြင့်ပညာ ဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းသားသမဂ္ဂများ၊ မြို့မကျောင်းသားကျောင်းသူဟောင်းများက Online စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဇာတိမာန်သီချင်းဗီဒီယိုပြသ၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖတ်ကြားသည်။

 

ယင်းနောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဗီဒီယိုနှင့် ပြည်ထောင်စု၏ အလှတရားများ သီချင်းဗီဒီယိုကို ပြသကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်