နေပြည်တော်၊ ၉ ဒီဇင်ဘာ

 

သတင်းကြေညာချက်

 

၁။         မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော Woodside Energy (Myanmar) Pte Ltd. သည် ကမ်းလွန်လုပ်ကွက်အမှတ် AD-8, AD-1 နှင့် A-7 တို့တွင် တွင်းတူးဖော်ရေးလုပ်ငန်းများအား Ultra-Deepwater Drillship "DHIRUBHAI DEEPWATER KG2" ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာ ဧရိယာများဖြစ်သော AD-8, E-1 Tun Tauk မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ် ၄၇ ဒသမ ၂၀၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၁ ဒီဂရီ ၅၄ မိနစ် ၂၀ ဒသမ ၈၀၂ စက္ကန့်တွင် (၃၀-၁၂-၂၀၂၀) ရက်နေ့မှ (၄-၁-၂၀၂၁) ရက်နေ့အထိ Top Hole နှင့် (၂၅-၂-၂၀၂၁)ရက်နေ့မှ (၁၈-၃-၂၀၂၁)ရက်နေ့အထိ Bottom Hole အား လည်းကောင်း၊ AD-1, E-1 Khine Myeh မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ် ၅၅ ဒသမ ၄၁၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၉ မိနစ် ၄၄ ဒသမ ၅၃၂ စက္ကန့်တွင် (၆-၁-၂၀၂၀)ရက်နေ့မှ (၉-၁-၂၀၂၁) ရက်နေ့အထိ Top Hole နှင့် (၄-၂-၂၀၂၁)ရက်နေ့မှ (၂၃-၂-၂၀၂၁)ရက်နေ့အထိ Bottom Hole အား လည်းကောင်း၊ A-7, Pyi Tagun-1 မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၈ မိနစ် သုည ဒသမ ၆၁၂ စက္ကန့်၊ အရှေ့လောင် ဂျီတွဒ် ၉၃ ဒီဂရီ ၂၈ မိနစ် ၅၃ ဒသမ ၇၅ စက္ကန့်တွင် (၁၂-၁-၂၀၂၀)ရက်နေ့မှ (၁-၂-၂၀၂၁)ရက်နေ့အထိ Top Hole နှင့် Bottom Hole တို့အားလည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

၂။         သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် AD-8, AD-1 နှင့် A-7 တို့တွင် တွင်းတူးဖော်ရေး လုပ်ငန်းများအား Ultra-Deepwater Drillship "DHIRUBHAI DEEPWATER KG2" ဖြင့် ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ (၅၀၀)မီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။

 

ငါးလုပ်ငန်းဦးစီးဌာန