နေပြည်တော် ၉ ဒီဇင်ဘာ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီးချင်းများအနက်မှ (၇၅)ပုဒ်ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ ဒီဇင်ဘာ ၁၁ ရက် ညတွင် ပွဲစဉ် ၁ အဖြစ် အေဝမ်းစိုးမြင့် တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် တင်တင်မြ၊ ထား၊ ကေဂျာနူး၊ ဥမ္မာ၊ ရီရီသန့်၊ ခင်စိုးဝင်း၊ တင်ဦးလေး၊ သန်းမြတ်စိုး၊ ကေတုဝင်းထွတ်နှင့် မောင်ထွန်းမင်းတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

အဆိုပါတင်ဆက်ခဲ့မှုကို ဒီဇင်ဘာ ၁၃ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်