လှိုင်းဘွဲ ၊ ၁၀ ဒီဇင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အင်းနို့သိပ္ပံကျေးရွာအုပ်စုနှင့် နောကောကျေးရွာအုပ် ကျေးရွာချင်းဆက် လမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခြင်းကို ဒီဇင်ဘာ ၉ ရက်က ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများက အင်းနို့သိပ္ပံကျေးရွာအုပ်စုမှ နောကောကျေးရွာအုပ်စုအထိ ဖော်လုပ်ထားသော ကျေးရွာချင်းဆက်လမ်း ၂ မိုင် ၄ ဖာလုံအား ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လမ်းကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်မည့် အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများက လမ်းများကိုသတ်မှတ်ချက်နှင့်အညီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


