ရန်ကုန်၊ ၁၀ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းအချိန်က ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း( လမ်းမီးဌာန )မှ ဦးဆောင်၍ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ တာမွေမြို့နယ် ကျိုက္ကဆံလမ်းတစ်လျှောက်ရှိ လမ်းမီးများအား စစ်ဆေးပြုပြင်ခြင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ယခုလို ကျိုက္ကဆံလမ်းတစ်လျှောက်ရှိ လမ်းမီးများ စစ်ဆေးပြုပြင်ခြင်း ဆောင်ရွက်ပေးနေမှုအပေါ် ကျိုက္ကဆံ လမ်းတွင် နေထိုင်သူ ကိုကျော်ထွန်းကလည်း " မြို့နယ်လျှပ်စစ်ဌာနက တာဝန်ရှိသူတွေ အနေနဲ့ ယခုလို လျှပ်စစ်မီးလင်းခြင်း မရှိတဲ့ မီးတိုင်တွေကို စစ်ဆေးပြုပြင်ခြင်းများ ဆောင်ရွက် ပေးတာဟာ ကျွန်တော်တို့ လမ်းတွင်း နေထိုင်သူတွေအတွက်သာမက လမ်းသွားလမ်းလာများနှင့် ခရီးသွား ပြည်သူများ၏ ညဘက် လုံခြုံရေးအတွက် အရမ်းကို အကျိုးရှိပါတယ်။ ဒါ့အပြင် ဒီကျိုက္ကဆံ လမ်းဟာ တာမွေမြို့နယ်ရဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်သလို ဒဂုံမြို့သစ် မြို့နယ်(၄)မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်များမှ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲပေးနေသော ယာဉ်လိုင်းများ ဖြတ်သန်းသွားလာမှု အများဆုံး ဖြစ်တာကြောင့် ညဘက်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းကိုလည်း ကြိုတင်ကာကွယ်ရာ ရောက်ပါတယ် " ဟု ပြောကြားခဲ့သည်။
နိုင်လင်းအောင်(ပြန်/ဆက်)


