လှိုင်းဘွဲ ၊    ၁၀   ဒီဇင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ  ၁၀  ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်အဖော်ရေးအဖွဲ့၏ လုပ်ဆောင်ချက်များအား ရှင်းလင်းဆွေးနွေး ခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း၊ တံတား၊ ခြံစည်းရိုးကာရံခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ အဆောက်အဦး ဆောက်လုပ်ခြင်း၊ လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

mdn