ရေစကြို၊  ၁၀  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်တစ်လျှောက်ရှိ  တောင်သူများ ဆောင်းသီး နှံအဖြစ် စိုက်ပျိုးထားရှိသည့် ကြက်သွန်စိုက်ခင်းများ စတင်သိမ်းဆည်းနေကြပြီဖြစ်ရာ ယခုနှစ်တွင် စိုက်ပျိုးသည့် ကြက်သွန်စိုက်ခင်းများမှာ ယခင်နှစ်ကထက် အထွက်နှုန်းကောင်းမွန်သဖြင့် ပေါ်ဦးပေါ် ဖျားဈေးကောင်း ရရှိရန်မျှော်လင့်နေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

 

ရေစကြိုမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးခြင်းကို  ချင်းတွင်းမြစ်တစ်လျှောက် ကျေးရွာများရှိ ဒေသခံတောင်သူများက ချင်းတွင်းမြစ်ရေကို အမှီပြုပြီး ကိုင်းမြေနှင့် ကျွန်းမြေများတွင် ထွန်ယက် စိုက်ပျိုးမှုများရှိသလို အချို့သောကျေးရွာများမှ တောင်သူများကလည်း မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

 

ကြက်သွန်စိုက်ပျိုးသည့် ချင်းယာကျေးရွာနေ တောင်သူ ဦးစောမောင် က “ မနှစ်က ဆိုရင် ကြက်သွန်ပေါ်တဲ့ အချိန်မှာ  တစ်ပိဿာလျှင်ငွေကျပ် (၁၅၀ဝ မှ ၂၀ဝ၀)  အထိ ရောင်းရပါတယ်။ ဒီနှစ်မှာ ကြက်သွန်အထွက်နှုန်းကောင်းသော်လည်း၊  ယခုဈေးကွက်ပေါက်ဈေးမှာ  တစ်ပိဿာလျှင် ငွေကျပ် (၃၅၀ မှ ၅၀ဝ) ပဲရှိတဲ့အတွက် စိုက်ပျိုးစရိတ်တောင် မရရှိပါဘူး။ ယခုဈေးနှုန်းက ခရီးစရိတ်နဲ့ အလုပ်သမား ငှားရမ်းခများ ပေးရန်သာရရှိတဲ့အတွက် ကျွန်တော်တို့က ဈေးကောင်းရရှိရန် မျှော်လင့်ရ ခြင်ဖြစ်ပါတယ် ” ဟု ပြောကြားသည်။

 

မွှေးကြူဇင်