မန္တလေး၊ ၁၀ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Covid-19 ရောဂါပိုး ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုရန် မြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းက အလှူငွေ ၂၀၅ သိန်းအား ဒီဇင်ဘာ ၉ ရက်က ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အလှူငွေများအား အလှူရှင်များကိုယ်စား မြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ သီရိသုဓမ္မသိဂီ ဒေါက်တာဒေါ်ဌေးဌေးခိုင်(မောရိယတိုင်းရင်းဆေး)၊ တွဲဖက်အတွင်းရေးမှူး ဦးစိုးမိုးလှိုင်(ဇီဝသုခတိုင်းရင်းဆေး)နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင် ခိုင်ဌေး တို့က ပေးအပ်လှူဒါန်းသည်။
မြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေး)က ကျပ်၂၈၉၈,၀၀၀၊ ဒေါက်တာဌေးဌေးခိုင် (မောရိယတိုင်းရင်းဆေး)က ကျပ် ၂၅၀၀၀၀၀၊ ဦးတင်မောင်(စန္ဒီပရဆေး)က ကျပ် ၂,၅၀၂,၀၀၀၊ ဦးထွန်းရွှေ(ထွန်းရွှေဝါ)က ကျပ် ၂၅၀၀,၀၀၀၊ ဦးကြည်စိုး(ကေသီပန်) က ကျပ် ၂,၅၀၀,၀၀၀၊ ဆရာမြင့် (စကြာမင်း)က ကျပ် ၂,၁၀၀,၀၀၀၊ ဒေါ်လေးမြင့်(ဦးသာရင်)က ကျပ် ၂,၀၀၀,၀၀၀၊ ဦးသန်းမောင် (ကျားငါးကောင်)က ကျပ် ၁,၀၀၀,၀၀၀၊ ဒေါ်တင်နွယ်ဦး(မှန်ချို)က ကျပ် ၅၀၀,၀၀၀၊ ဒေါ်နန်းဆိုင်ဆီရိအောင် (ဝုန်းဝမ်း-တောင်ကြီး)က ကျပ် ၅၀၀,၀၀၀၊ ဦးမြင့်ဇော် (အေးငြိမ်းသီတာ)က ကျပ် ၅၀၀,၀၀၀၊ ဦးလွင်ဦး (စွယ်စုံ ဆေးတိုက်)က ကျပ် ၃၀၀,၀၀၀၊ ဦးကြည်ဝင်း (ဆန္ဒမွန်)က ကျပ်၃၀၀,၀၀၀၊ ဦးစိုးမိုးလှိုင် ( ဇီဝသုခ )က ကျပ် ၃၀၀,၀၀၀ နှင့် ဦးကျော်ကျော် (ရွှေမြင်တင်ဆေးတိုက်)က ကျပ်၁၀၀,၀၀၀ စုစုပေါင်း ကျပ် ၂၀၅သိန်းအား စုပေါင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဌေး


