မာန်အောင်၊ ၁၀ ဒီဇင်ဘာ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မီးလောင်ထောင့်ကျေးရွာအုပ်စု၊ မီးလောင်ထောင့် ကျေးရွာမှ ဆောင်းမြေပဲစိုက်ပျိုးကြမည့် တောင်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ တောင်သူအသိပညာပေး သင်တန်းကို ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာရှိ အမက ကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းတွင် " ဆောင်းမြေပဲ စိုက်ပျိုးကြမည့် တောင်သူများအနေဖြင့် ဆောင်းမြေပဲတွင် မြေသြဇာသုံးစွဲနည်း၊ တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကိုစနစ်တကျ စိုက်ပျိုး ဆောင်ရွက်တတ်ကြစေရန် " မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းစော က ပို့ချ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ ဆောင်းမြေပဲစိုက်ပျိုးကြမည့် တောင်သူ(၂၇)ဦး တက်ရောက်ခဲ့ကြပြီး သိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်း သင်ကြားပို့ချပေးခဲ့ကြပြီး ဆက်လက်၍ ယခုလ ၁၅ ရက်နေ့တွင် ဆောင်းမြေပဲ စိုက်နည်း စိုက်ကွက်သို့ ကွင်းဆင်း၍ လက်တွေ့သရုပ်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းထွန်းအောင်(မြို့နယ်ပြန်/ဆက်)


