လယ်ဝေး ၊ ၁၀ ဒီဇင်ဘာ
ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးသည် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦး(မွေးမြူရေးဌာနခွဲ)၊ နေပြည်တော်တိုင်းဦးစီးဌာနမှူး ဒေါ်ညိုညိုအေးနှင့် အဖွဲ့ များ လိုက်ပါလျှက် ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ခေါက်ခွ ကျေးရွာရှိ ငါးမွေမြူရေးကန်သို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် CERP အစီအစဉ်ဖြင့် လယ်ဝေးမြို့နယ်၊ သစ်ခေါက်ခွကျေးရွာမှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးမြင့်အောင်၏(ဧက ၂၀ ကျော်) ငါးကန် တစ်ဧက အတွက် ၁.၅ လက်မအရွယ်ရှိ ငါးသားပေါက်များ(တန်ဖိုးငွေကျပ် ၄၀၀၀၀)အား ဩဂုတ်လ ၂၆ ရက်က ပေးအပ်ခဲ့ရာ ယခု မွေးမြူထားချိန် (၃)လခွဲခန့် ကာလအကြာတွင် ငွေရောင် ငါးကြင်းမှာ (၁၂) လက်မကျော် (၂၅)ကျပ်သားခန့်၊ ငါးမြစ်ချင်းမှာ(၇)လက်မကျော် (၄) ကျပ်သားခန့်၊ ထိုင်းငါးခုံးမကြီးမှာ (၈)လက်မ (၅)ကျပ်သားခန့် ကြီးထွားကြောင်း တွေ့ရှိရသည်။
ငါးမွေးမြူရေးကန်အတွင်း ငါးကောင်ရေမှာ (၈၀)ရာခိုင်နှုန်းခန့် ကျန်ရှိနေပြီး CERP အစီအစဉ်ဖြင့် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ငါးသားပေါက်များအား ငါးမွေးကန်လုပ်ငန်းရှင်များသို့ ပေးအပ်မွေးမြူခဲ့ရာ အောင်မြင်မှုရှိကြောင်း သိရသည်။
သတင်းစဉ်


