နေပြည်တော်၊ ၁၀  ဒီဇင်ဘာ

Myanmar ASEAN Womens Friendship Association (MAWFA) နှင့် နေအုပ်ဖောင် ဒေးရှင်းတို့က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများ၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆေးရုံသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို  ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြောက်ပိုင်း ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပသည်။

          အဆိုပါ လှူဒါန်းပွဲတွင် Myanmar ASEAN Womens Friendship Association (MAWFA) မှ PPE Level 2(A) ၁၄၀၀၊ PPE ဝတ်စုံ ၅၀၊ လက်သန့်ဆေးရည် ၅၀၀ စီစီပါ  ၁၀၀၊  Isolation Gowns ၁၀၀၀၊ Oxygen Cylinder ၇ ဘူး၊  နှာခေါင်းစည်း ၅၀၀၀၊ Quarantine Essential Kit ၂၀ နှင့် နေအုပ်ဖောင်ဒေးရှင်းမှ ဆေးရုံတစ်ရုံချင်းစီအတွက် KN 95 mask ခုရေ ၁၀၀၀၊ လက်သန့်ဆေးရည် ၅၀၀ စီစီဝင် ၂၄ ဘူး၊ Disinfectant Solution 18 kg တစ်ဘူး တို့ကို  ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများ၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၏ဇနီး ဒေါ်ခင်အေးရီ ဦးဆောင်သည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံများမှ သံတမန်များ၏ ဇနီးများနှင့် နေအုပ်ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ဝင် ဒေါက်တာပြုံးမိုအိ တို့က ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။

ထို့နောက်     ဒဂုံမြို့သစ်တောင်ပိုင်းနှင့်   ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အသုံးပြုရန် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ယနေ့ လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုလဲဆေးရုံ၊ မှော်ဘီဆေးရုံ၊ တိုက်ကြီးဆေးရုံ၊ ထန်းတပင်ဆေးရုံ၊ လှည်းကူးဆေးရုံနှင့် ရွှေပြည်သာဆေးရုံများသို့ ဖြန့်ခွဲပေးပို့သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထက်လျှံ

 

ျ်ျ်ျိ

 

ါ့