၁၁ ဒီဇင်ဘာ

 

 

အမေရိကန် ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တာ သေဆုံးမှုက ၃၁၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လျက်ရှိသည်။

 

 

ဒီဇင်ဘာလ ၁၀ ရက်နေ့က အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၃၁၂၄ ဉီး သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

 

အမေရိကန် ပြည်ထောင်စုတွင် ယခုလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၀၀၀ အထိ အမြင့်ဆုံး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၂၉၀၀၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်သည်။

 

 

လက်ရှိတွင် လူပေါင်း ၁၀၆၀၀၀ ကျော် ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ထားရပြီး ၂၀၀၀၀ ကျော်မှာ အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှု ခံယူနေရကြောင်း ပုဂ္ဂလိက သုတေသနအဖွဲ့ တစ်ခုက ပြောကြားခဲ့သည်။

 

 

နိုင်ငံတစ်ဝန်းတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ဆေးရုံကုတင်များ လုံလောက်မှု မရှိတော့ကြောင်း ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများက ပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့်လက လူအများအပြားသည် နယ်စပ်ဖြတ်ကျော်ပြီး ကျေးဇူးတော်နေ့ အခမ်းအနား ဆင်နွှဲခဲ့သဖြင့် ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

 

 

ခရစ္စမတ် အားလပ်ရက် နောက်ပိုင်းတွင်လည်း ဗိုင်းရပ်စ် ကူးစက်မှုများမှာ မြင့်တက်လာနိုင်သေးကြောင်း ၎င်းတို့က သတိပေးလျက်ရှိသည်။

 

 

လူစုလူဝေးဖြင့် စားသောက်ခြင်းနှင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် ပြည်သူများအား အမေရိကန်အစိုးရ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအဖွဲ့ဝင် တစ်ဉီးဖြစ်သည့် အန်တိုနီရိုဖော်စီက တောင်းဆိုခဲ့သည်။

 

 

ဇန်နဝါရီလ အလယ်အထိ ဗိုင်းရပ်စ် ကူးစက်မှုများမှာ မြင့်တက်နေနိုင်သေးသဖြင့် ဂရုစိုက်ကြရန် ဖော်စီက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်