နတ်မောက်၊ ၁၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီက နတ်မောက်-ပျော်ဘွယ် ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ယာယီ စစ်ဆေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ /မရှိ စစ်ဆေးပေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးပေးခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၃ ဦးတွင် Negative အဖြေထွက်ရှိသဖြင့် တစ်ဦးချင်းအလိုက် ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုကတ်များကို ထုတ်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးပေးခြင်ကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ် ပုဂ္ဂလိကသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လှဝင်း(နတ်မောက်)


