နေပြည်တော် ၁၁ ဒီဇင်ဘာ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေးမိုးလေဝသအခြေအနေများ အကျဉ်းချုပ်နှင့် ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျ) မိုးလေဝသ အချက်အလက်ခန့်မှန်းချက်များ

 

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ်ဖေါ်ပြအပ်ပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ

နိုဝင်ဘာလတတိယ(၁၀)ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ် သည် (၁.၁၂.၂၀၂၀)ရက်နေ့ နေ့လယ်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းသို့ ရွှေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း “ဘူရီဗီ (Burevi)” အဖြစ် သို့လည်းကောင်း၊ (၃.၁၂.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း “ဘူရီဗီ (Burevi)” သည် သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းကိုထရီကိုမာလီ (Trincomalee)” မြို့မြောက်ပိုင်းမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ နေ့လည်ပိုင်းတွင် မန်နာပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ကာ၊ ညပိုင်းတွင် အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ (၄.၁၂.၂၀၂၀)ရက်နေ့တွင် မန်နာပင်လယ်ကွေ့၌ ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး(Tamil Nadu) ကမ်းခြေတောင်ပိုင်း ကိုရမ်မန်သာပူရမ် (Ramanathapuram) ခရိုင်အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်ခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။

 

မိုးရွာသွန်းမှုအခြေအနေ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တို့တွင် ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ (ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ပါသည်။

 

မိုးရွာရက်များအနေဖြင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၃)ရက်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တွင် မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးရွာသွန်းခဲ့ခြင်းမရှိခဲ့ပါ။

 

အမြင့်ဆုံးအပူချိန်အခြေအနေ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ- စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တို့တွင် ဒီဇင်ဘာလ (ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ထက် (၅)ဒီဂရီဖာရင်ဟိုက်စီ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိပိုခဲ့ပါသည်။

 

အနိမ့်ဆုံးအပူချိန်အခြေအနေ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ- ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက် (၅)ဒီဂရီဖာရင်ဟိုက်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ လျော့နည်းခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ (ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်ထက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိနှင့်  စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်  (၃)ဒီဂရီဖာရင်ဟိုက်မှ (၄) ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ပါသည်။

 

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ- တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၅၆%)မှ (၆၇%)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် (၇၀%)မှ (၇၇%)အတွင်းနှင့်  ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် (၈၀%)မှ (၈၉%)အတွင်းအသီးသီးရှိခဲ့ပါသည်။

 

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်  ကယားပြည်နယ်တို့တွင် (၂၂ မီလီမီတာ) မှ (၃၂ မီလီမီတာ)အတွင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် (၃၆ မီလီမီတာ)မှ (၄၅ မီလီမီတာ)အတွင်းအသီးသီးရှိခဲ့ပါသည်။

 

(ဖြစ်နိုင်စွမ်းပင်ငွေ့ရေငွေ့ပျံနှုန်းအားHARGREAVES METHODဖြင့် တွက်ချက်ထားပါသည်။)

မြေဆီလွှာအောင်းရေအခြေအနေ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ- စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ခြောက်သွေ့) အခြေအနေအသီးသီးရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (ဒုတိယ) (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနိုင်ပါသည်။

 

မိုးအခြေအနေ

မိုးရွာသွန်းမှုအခြေအနေမှာ- နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

မိုးရွာရက်

တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁)ရက်မှ (၃) ရက်ခန့်မိုးအနည်း ငယ်ရွာနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာနိုင်ပါသည်။

 

ညအပူချိန်

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိနိုင်ပါသည်။

 

မြူအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၉)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါသည်။

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

 

 130547497_1841886832