နေပြည်တော်   ၁၁   ဒီဇင်ဘာ

ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်၍ တိုင်ကြားစာများအပေါ် စိစစ်ဆောင်ရွက်မှုအခြေအနေများနှင့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

a111

 

အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကြေး ထောက်ပံ့မှုနှင့်ပတ်သက်၍ တိုင်ကြားစာများအပေါ် စိစစ်ဆောင်ရွက်မှုများကို စနစ်တကျ ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ပြည်သူများထံ စနစ်တကျ အသိပေးတင်ပြရန်ကိစ္စရပ်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စနစ်တကျ ပွင့်လင်းမြင် သာစွာ ဆောင်ရွက်ကြရန်နှင့် မိမိတို့အနေဖြင့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကိုလည်း ပြန်လည်လေ့လာဆန်းစစ်သုံးသပ်ကာ COVID -19 စည်းကမ်းချက်များနှင့်အညီ ဦးစားပေး လုပ်ငန်းစဉ်များ ဖော်ထုတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို တင်ပြကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

သတင်းစဉ်