မကွေး၊ ၁၂  ဒီဇင်ဘာ    

မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ၃၃ ဦး ထပ်တိုး တွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း ၁၇၃၆ ဦးထိရှိပြီ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ပိုမိုတွေ့ရှိနေဆဲပါ၊ ဒီဇင်ဘာ ၁၁ ရက် ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက RDT၊ Gene Xpert 3 results များအရ တွေ့ရှိခဲ့တာဖြစ်ပြီး၊ ပခုက္ကူ (၂)ဦး၊ ဂန့်ဂေါ (၆)ဦး၊ မကွေး (၁၀)ဦး၊ အောင်လံ (၈)ဦး၊ တောင်တွင်းကြီး (၄)ဦးနဲ့ နတ်မောက်၊ ချောက်နဲ့ မင်းလှမြို့နယ်တွေက (၁)ဦး စီဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေက ပိုးတွေ့လူနာနှင့် ထိတွေ့ မှုရှိသူတွေ၊ အနံ့ပျောက် လက္ခဏာပြသူတွေနဲ့ ယာဉ်မောင်း ယာဉ်မောင်း/ယာဉ်နောက်လိုက် တွေပါ၊ ဒီနေ့ညပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၇၃၆ ဦး ရှိနေပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၇၃၆ ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ ၃၂၃ ဦးရှိကာ၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ ၁၄၀၉ ဦးနှင့် သေဆုံးသူ(၄)ဦး ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရပြီး၊ တိုင်းဒေသကြီးအတွင်း၌ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူများထဲမှ ပိုးတွေ့လူနာများ ထပ်တိုး တွေ့ရှိလာတာကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)