ရန်ကုန်၊  ၁၂  ဒီဇင်ဘာ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။

 

လမ်းမတော်မြို့နယ်တွင် ရပ်ကွက်(၁၃)ရပ်ကွက်ရှိပြီး မွေးကင်းစ ကလေးငယ်များအား အသည်းရောင်အသားဝါဆေး၊ နှစ်လကလေးငယ်များအား ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ကာကွယ်ဆေး၊ ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ လေးလ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ကာကွယ်ဆေး၊ ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ခြောက်လ ကလေးငယ်များ အားပိုလီယို ကာကွယ်ဆေး၊ ပြင်းထန်အဆုတ် ရောင်(ပီစီဗီ) ကာကွယ်ဆေး၊ ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ (ဘီ) ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ကိုးလကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက် သိုးကာကွယ်ဆေး၊ (၂)နှစ်အောက် ကလေးငယ်များအား ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်အသည်းရောင်အသားဝါ (ဘီ) -ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်းများက  အပတ်စဉ် ကြာသပတေးနေ့တိုင်း ထိုးနှံပေးလျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်