မိုင်းယောင်း  ၁၂   ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မာတီဆာ (Malteser International)ကျိုင်းတုံမှ မိုင်းယောင်းမြို့နယ်ရှိ Facility Quarantine Centre အသီးသီးအတွက် ထောက်ပံ့လှူဒါန်းသည့် လက်ဆေးဘေစင်များနှင့် တစ်ကိုယ်ရေးသုံးပစ္စည်းများကို ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက Quaratine ဝင်နေသူများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ပေးရာတွင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက မိုးလုံလေလုံအားကစားရုံရှိ Facility Quarantine Centre၊ အ.လ.က(တပ်တွင်း)နှင့် ကျေးရွာအ.မ.က(ကျောင်း) Facility Quarantine Centre များတွင် Quaratine ဝင်နေသူ ၁၈၀ ကျော်အား နှာခေါင်းစည်း (Mask)များ၊ Colouring Book (ဗလာစာအုပ်)၊ Colouring Pen (ဖောင်တိန်)၊ ဆပ်ပြာ၊ First Ad kids စသည့်ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၄ ရက်မှစ၍ ကိုဗစ်-၁၉ အတည်ပြုလူနာ စတင်တွေ့ရှိလာပြီး ဒီဇင်ဘာ ၁၂ ရက်အထိ အတည်ပြုလူနာ ရှစ်ဦးရှိရာ ၎င်းတို့ကို ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ဝန်ထမ်းအိမ်ရာ လေးထပ်တိုက်ဆေးကုသဆောင်၌ ကုသပေးလျက်ရှိကာ လူနာများအားလုံး ကျန်းမာရေးကောင်းမွန်ကြကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)