မယ်စဲ့၊ ၁၂ ဒီဇင်ဘာ
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ ခရိုင်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မိုးထက်လမင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် ၆ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း၊ နမ့်မန်းကျေးရွာရှိ နမ့်မန်းချောင်းအား မူလလမ်းကြောင်းအတိုင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းနှင့် နမ့်မန်းရေပေးမြောင်းပေါင် ပြန်လည်မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဗိုလ်ချုပ်လမ်း ကျောက်စီရေမြောင်း ပလပ်ဖောင်း အရှည် (၃၆၃၀) ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


