ပဲခူး၊ ၁၂ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Facility Quarantine များတွင်အသုံးပြုခဲ့သည့် လျှပ်စစ်ဓာတ်အားခများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်ဧည့်ခန်းမတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်မှ ပဲခူးမြို့ရှိ Facility Quarantine များတွင် အသုံးပြုခဲ့သည့် လျှပ်စစ်ဓာတ်အားခ ကျပ်သိန်း(၁၀၀)နှင့် ပဲခူးမြို့၊ မှော်ကန်ရပ်ကွက်ရှိ "လန်းဆန်း" သာသနာရေးဖောင်ဒေးရှင်းမှ ငွေကျပ်(၁၀)သိန်းတန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ထို့အတူ ZEN Holdings, UNIHO TOMOSADA Co., Ltd မှ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စုစုပေါင်းငွေကျပ် (၃,၃၂၀,၀၀ဝ) တန်ဖိုးရှိ Oxygen Concentrator (၂)လုံးအား လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
တင်စိုး(ပဲခူး)


