ခန္တီး၊ ၁၂ ဒီဇင်ဘာ         

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပေါမိုင်းအုပ်စု သာစည်တွင် တောင်သူ ဦးကျော်စံဝင်း၏ ဦးပိုင်အမှတ်- ၂၀၊ ကွင်းအမှတ်- ၄၊ စိုက်ဧက-၃တွင် ဆင်းဧရီ(၃) မိုးစပါး (၆၆-၆၆)ပေ ပတ်လည်စံကွက်ရိတ်သိမ်းခြင်းကို ဒီဇင်ဘာ ၁ ရက်တွင် မိုးစပါး စံကွက်ရိတ်သိမ်းခြင်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးသာထွန်းဦး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာရဲဝင်း၊ တောင်သူများပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကစပါးအစိုထွက် ၉၀ တင်းထွက်ရှိကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)