ပင်လောင်း၊  ၁၂  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် Quarantine Centre ငါးခု ဖွင့်လှစ်ထားရှိရာ နေရပ်ပြန်လာသူများ အတွက် လိုအပ်သည့် ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ထိုသို့လှူဒါန်းရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တောင်သူလယ်သမား ဖွံ့ဖြိုးရေးအဖွဲ့ (ရှမ်းပြည်နယ်)၊ တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ (မြန်မာနိုင်ငံ) တို့မှ ပင်လောင်းမြို့နယ်အတွင်းရှိ Quarantine Centre များမှ နေရပ်ပြန်ပြည်သူများအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးစွပ်၊ အိပ်ရာအခင်းများ၊ နှာခေါင်းစည်း ၁၀ ဘူး၊ မျက်နှာကာ ၁၀၀ ခု၊ လက်အိတ်လေးဘူးနှင့် အလှူငွေကျပ် သုံးသိန်းတို့ကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ပင်လောင်း)

 

mdn