(၁၂-၁၂-၂၀၂၀ ရက်၊ စင်ကာပူ)
COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် နိုင်ငံတကာသင်္ဘော များပေါ်တွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ သွားရောက်လိုသည့် စင်ကာပူနိုင်ငံသားများ စုစုပေါင်း (၆၇) ဦးတို့ အား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၏ စီစဉ်ပေးမှုဖြင့် ၁၂-၁၂-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၁၄:၄၈)နာရီတွင် စင်းလုံးငှားလေယာဉ် Special Charter Flight (Myanmar National Airline - MNA) လေကြောင်းပျံသန်း အမှတ် UB1002 ဖြင့် စင်ကာပူ နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
Crd - Ministry of Foreign Affairs Myanmar


