(၁၂- ၁၂- ၂၀၂၀ ရက်၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံတွင်ရောက်ရှိပိတ်မိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသားစုစုပေါင်း (၁၂၆) ဦးတို့သည် Myanmar Airways International (MAI) နှင့် ဟနွိုင်းမြို့၊ မြန်မာသံရုံးတို့မှပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှားအထူးကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်အမှတ် 8M - 4402 ဖြင့် ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၁၂-၁၂-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် ၁၇၂၀ နာရီအချိန်တွင် ရန်ကုန် မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာထွက်ခွာသွားခဲ့ပါသည်။ ယခုအကြိမ်မှာ ဟနွိုင်းမြို့၊ မြန်မာသံရုံးမှ ဆဋ္ဌမအကြိမ်မြောက်အဖြစ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ MAI စင်းလုံးငှားအထူးကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများ လိုက်ပါရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံအမတ်ကြီးနှင့် သံရုံးအရာထမ်းများ ကဟနွိုင်းမြို့ရှိသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း၍ လေဆိပ်၌လိုအပ်သည် များ ပံ့ပိုးကူညီလိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
Crd - Ministry of Foreign Affairs Myanmar


