တံတားဦး၊ ၁၃ ဒီဇင်ဘာ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက PPE ဝတ်စုံနှင့် အလှူငွေများ လာရောက်လှူဒါန်းကြောင်း သိရသည်။

 

တံတားဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မန္တလေးမြို့ မောင်စိန်ဝင်း မိသားစု (စက်ပစ္စည်းရောင်းဝယ်ရေး) မှ PPE ဝတ်စုံ (၅၀)၊ တံတားဦး အပြည်ပြည်ဆိုင်လေဆိပ် MC JALUX အဖွဲ့မှ  PPE ဝတ်စုံ (၃၀)၊ တံတားဦးမြို့ နွားကျော်ဒရပ်မှ ဒေါ်နွဲ့ (သမီး) မသူဇာမိုး (သရဖူမာလာဟင်းနှင့် ရှမ်းဆိုင်) မှ PPE ဝတ်စုံ (၁၀) စုံနှင့် Mask (၅)ဘူး၊ နွားကျော်ဒရပ် ကိုသက်ဇာနည် + မမြသူဇာ မိသားစုမှ PPE ဝတ်စုံ (၅) စုံ၊ တံတားဦးမြို့နယ် ကူတိုးဆိပ်ကျေးရွာ ဒေါ်လှအေး (သမီး) ဦးလူသစ်(ဂျာကြီး) + ဒေါ်မာမာမြင့် မိသားစုမှ လှူငွေကျပ် (၁)သိန်းတို့ကို အသီးသီးလာရောက်လှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးနှင့် တာဝန်ရှိသူများ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရသည်။

 

ရဲတင့် (တံတားဦး ပြန်/ဆက်)