(၁၃-၁၂-၂၀၂၀ ရက်၊ ဆိုးလ်)
၁။ COVID-19 ကူးစက်ရောဂါကာလအတွင်း၌ အမေရိကန်ပြည်ထာင်စုနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှစီစဉ်သည့် အပတ်စဉ်အင်္ဂါနေ့တိုင်း ပျံသန်းပြေးဆွဲနေသည့် ကယ်ဆယ်ရေးလေယာဉ်အပြင် မြန်မာသံရုံး၊ ဝါရှင်တန်ဒီစီနှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့ ညှိနှိုင်း၍ အထူးအစီအစဉ်အဖြစ် ၁၃-၁၂-၂၀၂၀ ရက်နေ့တွင် ကယ်ဆယ်ရေးလေယာဉ်တစ်စီး တိုးမြှင့်ပြေးဆွဲခဲ့သည်။
၂။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်သည် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၁၀ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံသား (၆၀) ဦး၊ ဩစတြေးလျမှ (၂) ဦး၊ ဂျပန်မှ (၁) ဦးနှင့် ကိုရီးယား သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၃၂) ဦး၊ စုစုပေါင်း (၉၅) ဦးတို့မှ စီးနင်းလိုက်ပါခဲ့သည်။
၃။ လိုက်ပါသည့်ခရီးသည်များ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှဝန်ထမ်းများသည် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
#Ministry of Foreign Affairs Myanmar


