စစ်ကိုင်း  ၁၃  ဒီဇင်ဘာ

 

စစ်ကိုင်းမြို့အတွင်း ဝင်၊ ထွက်ခွင်လက်မှတ် ပါ၊ မပါ စစ်ဆေးခြင်းကို ဒုတိယ​နေ့ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းများပြုလုပ် ဆောင်ရွက်​ကြသည်။

 

စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့ ပြန်ဆက်ရုံးရှေ့ စစ်ကိုင်းမြို့တောင်ရိုးလမ်း သုခကာရီ လူမှုကူညီရေးရုံးရှေ့ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ နှင့် ရွာထောင်ရပ်ကွက်ရုံးရှေ့များ၌  ဌာနဆိုင်ရာများ ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ခရီးသွားပြည်သူများအား  ဝင်ထွက်ခွင့်လက်မှတ် (ဈေး၀ယ်ကတ်) များ ပါ၊ မပါ နှင့် Mask တပ်ဆင်ခြင်းရှိမရှိ စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၂ ရက် မှ ၁၄ ရက်အထိ ပညာပေးကာလ ပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ စစ်ကိုင်းမြို့နယ်အတွင်း ၀င်၊ ထွက်ခွင်မပါဘဲ သွားလာသူများကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေရိုက် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒီဇင်ဘာ ၁၁ ရက်နေ့က စတင်ကာ  စစ်ကိုင်းမြို့နယ်၊ ကလေးမြို့နယ်၊ ရွှေဘိုမြို့နယ်များအား ( Stay at Home) ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ခိုင်ဇေယျ