ကလော၊ ၁၃ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ စလုံးတောင်ကျေးရွာတွင် ဒီဇင်ဘာ ၁၂ ရက် ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် ပူးပေါင်းအဖွဲ့ဝင်များက ဘိန်းခင်း ၅ ဧကခန့်အား ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဘိန်းခင်းများဖျက်စီးရာတွင် ပူးပေါင်းအဖွဲ့ဝင်များက ကလောမြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စု စလုံးတောင် ကျေးရွာ၏ အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာခန့်ရှိ ဘိန်းပင်ပေါက်များနှင့် သီးပွင့်ဆဲဘိန်းခင်း ၅ ဧကခန့်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိန်းခင်းဖျက်ဆီးရေးပူးပေါင်းအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမှ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ စုစုပေါင်း ဘိန်းခင်း ၁၇ ဧကခန့်ကိုဖျက်ဆီးနိုင်ခဲ့ပြီး ဆက်လက်ရှာဖွေ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


