ခန္တီး၊  ၁၃  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် စိန်နန်းကျေးရွာတွင် ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ ဆောင်းသီးနှံ မြေပဲ၊ နေကြာ သီးထပ်စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက စိန်နန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မော်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက နည်းပညာဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားသည်။ 

 

ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဦးသိန်းထွန်းတင်က မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ သီးနှံပင်အတွက် လိုအပ်သောအာဟာရဓာတ်နှင့် သီးနှံကာကွယ် ရေးတာဝန်ခံ ဦးကျော်စိုးက ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ သဘာဝပိုးသတ်ဆေး ပြုလုပ် သုံးစွဲနည်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက ဆောင်းမြေပဲ၊ နေကြာ GAP စနစ်ဖြင့် စိုက်ပျိုးခြင်းနည်းများနှင့် မြို့နယ်ဒုတိယဦးစီးမှူး ဦးမိုးမင်းတို့က ရာသီဉတုနှင့် လိုက်လျောညီထွေမှုရှိသော ဈေးကွက်ဝင်သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း နည်းစနစ်များကို ပညာဆွေးနွေးခဲ့ကြောင်း သိရသည်။

 

စနေမောင်မောင်(ခန္တီး)

 

 

sfsfsd