လှိုင်းဘွဲ၊ ၁၄ ဒီဇင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ မိမိခြံဝင်းအတွင်း စိုက်ပျိုး၍ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကောက်ရိုးမှို စိုက်ပျိုးခြင်းအဆင့်ဆင့်ကို ဒီဇင်ဘာ ၁၃ ရက်က လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြသခြင်းကို စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းနှင့် တာဝန်ရှိသူတို့က ကောက်ရိုးမှို စိုက်ပျိုးရာတွင် မြေကြီးဖွပေးခြင်း၊ ကြမ်းစက္ကူကို အသုံးပြုခြင်း၊ မှိုမျိုးနှင့်ဖွဲနုကို အချိုးကျရောစပ်ခြင်း၊ အစိုးဓာတ်ရရှိစေရန် ရေလောင်းခြင်း၊ မြေဩဇာကြွေးခြင်း၊ ပိုးမွှားအန္တရာယ် ကာကွယ်ခြင်း၊ ကောက်ရိုးကို အသုံးပြုခြင်း စသည့် စိုက်ပျိုးနည်းအဆင့်ဆင့်ကို ကောက်ရိုးမှိုစိုက်ပျိုးရန် စိတ်ဝင်စားသော တောင်သူများအား လက်တွေ့ပြသပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


