ကွန်ဟိန်း၊ ၁၄ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ သက္ကရာဇ် ၂၁၁၅ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် Clean City လှုပ်ရှားမှုဆောင်ရွက်ခြင်းအား ဒီဇင်ဘာ ၁၄ ရက် နံနက် ၈ နာရီခွဲမှ စတင်၍ ဆောင်ရွက်ကြသည်။

 

Clean City ဆောင်ရွက်ရာတွင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၌ အမှိုက်များကောက်ယူခြင်း၊ လမ်းမကြီးသာယာလှစေရန် သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါလှုပ်ရှားမှုအား မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ Nobel Heart အဖွဲ့ဝင်များ၊ ကျွန်းတစ်ထောင်ဖောင်ဒေးရှင်း အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)