နန်းယွန်း၊ ၁၄ ဒီဇင်ဘာ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၁၃ ဒသမ ၇၁၀ ကျပ်သန်းဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်  ရောင်ကွန်-ကြူယမ်းလမ်း (၁/၀)မိုင်  လမ်းတာချဲ့ခြင်းလုပ်ငန်း စတင်ဆောင်ရွက်မှုအား နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်  ဆောင်ရွက်ပေးသော ရောင်ကွန်- ကြူယမ်းလမ်းပြီးစီးသွားပါက နန်းယွန်းမြို့နယ်၊ ရောင်ကွန်-ကြူယမ်းလမ်းပေါ်ရှိ ကျေးရွာ ၁၅ ရွာမှ လူဦးရေ ၁၀၀၃၄ ဦး၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

မွှေးကြူဇင်