၁၄ ဒီဇင်ဘာ

 

 

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၂၇၀၇၁ ဦးရှိရာ ယနေ့တွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၈၈၄၁၀၀ အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးရရှိသော သတင်းအချက်အလက်အရ သိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၃၃၆ ဦး ရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၁၄၃၃၅၅ ဦး အထိရှိလာကြောင်း ဖော်ပြထားသည်။

 

 

ဒေလီမြို့သည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှု အဖြစ်များဆုံး မြို့များအနက် တစ်မြို့ ဖြစ်သည်။ ထိုမြို့တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၁၉၈၄ ဦး ရှိပြီး ကူးစက်ခံရမှုကြောင့် ၃၃ ဦး သေဆုံးခဲ့သည်။

 

 

နိုင်ငံတစ်ဝန်းတွင် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှ ဆင်းခွင့်ရရှိသူပေါင်း ၉၃၈၈၁၅၉ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြချက်တွင် ဖော်ပြထားသည်။

 

 

အစိုးရက နိုင်ငံအတွင်းရှိ လူဦးရေ သန်း ၁၅၀ ကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီးဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြသည်။

 

 

ယမန်နေ့က တစ်နေ့တည်းမှာပင် လူပေါင်း ၈၅၅၁၅၇ ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ယမန်နေ့ကအထိ စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ပြီးသည့် လူဦးရေ ၁၅၄၅၆၆၉၉၀ ရှိပြီဖြစ်ကြောင်း အိန္ဒိယဆေးဘက်ဆိုင်ရာ သုတေသနကောင်စီက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို