၁၄ ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံ၊ အာကာသဦးစီးဌာနမှ Satish Dhawan Space Centre SHAR က Polar Satellite Launch Vehicle (PSLV) အား (၁၇.၁၂.၂၀၂၀) ရက်နေ့မှ (၁၉.၁၂.၂၀၂၀)ရက်နေ့အတွင်း အာကာသသို့ ပစ်လွှတ်မည်ဖြစ်ပါ၍ ပစ်လွှတ်မည့် တည်နေရာတွင် မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၄၃ မိနစ် ၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၈၀ ဒီဂရီ ၁၃  မိနစ် ၈ စက္ကန့်၊ Danger Zone -1 : Launcher မှ ရေမိုင် (၁၀)မိုင် ပတ်လည်အတွင်း၊ Danger Zone -2 တွင် မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၀ ဒီဂရီ ၃၀ မိနစ်၊ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၀ ဒီဂရီ ၃၅ မိနစ်၊ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၁ ဒီဂရီ ၃၅ မိနစ်၊ မြောက်လတ္တီတွဒ် ၁၃  ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၁ ဒီဂရီ ၃၀  မိနစ်၊ Danger Zone-3  တွင် မြောက်လတ္တီတွဒ် ၁၃  ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၂ ဒီဂရီ ၁၀ မိနစ်၊ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၂ ဒီဂရီ ၁၅  မိနစ်၊ မြောက်လတ္တီတွဒ် ၁၃  ဒီဂရီ ၀၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၄ ဒီဂရီ ၀၅  မိနစ်၊ မြောက်လတ္တီတွဒ် ၁၂  ဒီဂရီ ၃၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၄ ဒီဂရီ ၀၀  မိနစ်၊ Danger Zone-4 တွင် မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၄ ဒီဂရီ ၀၅ မိနစ်၊ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၄ ဒီဂရီ ၁၅  မိနစ်၊ မြောက်လတ္တီတွဒ် ၁၂  ဒီဂရီ ၅၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၅ ဒီဂရီ ၂၀ မိနစ်၊ မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၅ ဒီဂရီ ၁၀  မိနစ်၊ Danger Zone-5 တွင် မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၈ ဒီဂရီ ၃၅  မိနစ်၊ မြောက်လတ္တီတွဒ် ၁၂  ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၈ ဒီဂရီ ၄၅ မိနစ်၊ မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၄၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၉ ဒီဂရီ ၄၅ မိနစ်၊ မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၀၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၈၉ ဒီဂရီ ၃၅ မိနစ်၊ Danger Zone-6 တွင် မြောက်လတ္တီတွဒ် ၀၉ ဒီဂရီ ၃၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၀  မိနစ်၊ မြောက်လတ္တီတွဒ် ၁၀  ဒီဂရီ ၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၀၅ မိနစ်၊ မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၅  မိနစ်၊ မြောက်လတ္တီတွဒ် ၀၉  ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၀  မိနစ်၊ Danger Zone-7 တွင် တောင်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၀ မိနစ်၊ အနောက်လောင်ဂျီတွဒ် ၁၃၄ ဒီဂရီ ၀၀ မိနစ်၊ တောင်လတ္တီတွဒ် ၁၆ ဒီဂရီ ၃၀ မိနစ်၊ အနောက်လောင်ဂျီတွဒ် ၁၃၄ ဒီဂရီ ၀၀ မိနစ်၊ တောင်လတ္တီတွဒ် ၁၃ ဒီဂရီ ၀၀ မိနစ်၊ အနောက်လောင်ဂျီတွဒ် ၁၁၂ ဒီဂရီ ၀၀  မိနစ်၊ တောင်လတ္တီတွဒ် ၀၇  ဒီဂရီ ၀၀ မိနစ်၊ အနောက်လောင်ဂျီတွဒ် ၉၀ ဒီဂရီ ၀၀ မိနစ်၊ တောင်လတ္တီတွဒ် ၀၉ ဒီဂရီ ၀၀ မိနစ်၊ အနောက်လောင်ဂျီတွဒ် ၉၀ ဒီဂရီ ၀၀ မိနစ်၊ တောင်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အနောက်လောင်ဂျီတွဒ် ၁၁၂ ဒီဂရီ ၀၀ မိနစ်တို့တွင် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

သို့ဖြစ်ပါ၍ Satish Dhawan Space Centre SHAR မှ Polar Satellite Launch Vehicle (PSLV) အား ပစ်လွှတ်မည့်နေ့ရက်များ၌ သတ်မှတ်ထားသည့် ဧရိယာဇုန်အတွင်း သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုကြပါရန်နှင့် အဆိုပါ   ဧရိယာအနီးမှ လွတ်ကင်းစွာ သတိပြုမောင်းနှင်သွားကြပါရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာထားကြောင်း သိရှိရသည်။

 

သတင်းစဉ်