ရန်ကုန် ၊ ၁၄ ဒီဇင်ဘာ

 

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်သည် ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Mr. Mir Zafarullah Khan Jamali ကွယ်လွန်သွားသည့်အတွက် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်း အမှတ်(အေ-၄) သံတမန်ရပ်ကွက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ လက်မှတ်ရေးထိုးသည်။

 

ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းသည် ၂၀၀၂  ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပါကစ္စတန်နိုင်ငံ၏ (၁၅)ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုကွယ်လွန်ချိန်တွင် အသက် (၇၆)နှစ်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်