ဂန့်ဂေါ၊ ၁၄  ဒီဇင်ဘာ

 

ဂန့်ဂေါမြို့၌ အသွားအလာကန့်သတ်နယ်မြေအဖြစ် အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် သတ်မှတ်ထားရှိရာ အဆိုပါနယ်မြေအတွက် ဂန့်ဂေါမြို့ မြို့မရပ်ကွက်မှ ဒေါ်နီနီအောင်နှင့် မိသားစုက ငွေကျပ် တစ်သိန်းကို ရပ်ကွက်လူမှုရေးအသင်းဖြစ်သည့် မာဃသဟာယအသင်းမှတစ်ဆင့် ဒီဇင်ဘာ ၁၃ ရက်က ထောက်ပံ့ပေးအပ်လှူဒါန်းသည်။

 

ထို့အတူ ကိုဗစ်အထောက်အကူပြုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မြို့မရပ်ကွက် ပြည့်ဖြိုးသူ ရောင်းဝယ်ရေးမှ ဦးခင်မောင်သိန်းနှင့် ဒေါ်ဝင်းဝင်းသူမိသားစုက ငွေကျပ် တစ်သိန်း၊ ဆန် တစ်အိတ်၊ ဆီ တစ်ပုံးတို့ကို လည်းကောင်း၊ မြို့မရပ်ကွက်မှ ဒေါ်မူမူခိုင်က ငွေကျပ် ငါးသောင်းကိုလည်းကောင်း၊ မြို့မရပ်ကွက်မှ ကိုသက်နိုင်ထွန်းက ဆန်တစ်အိတ်ကိုလည်းကောင်း၊ စည်ပင်သာယာရပ်ကွက် ပွင့်သစ်စ ရောင်းဝယ်ရေးမိသားစုက ငွေကျပ် ငါးသောင်းနှင့် ရေသန့်ဘူး၊ မုန့်များ၊ နှာခေါင်းစည်းများကို လည်းကောင်း၊ အုတ်လှကျေးရွာမှ စေတနာရှင်များက ငွေကျပ် ၃၈၂၀၅၀ ကျပ်၊ ဆန် ငါး တင်း၊ ဆီ လေးဘူး၊ ခရမ်းသီး တစ်အိတ်တို့ကိုလည်းကောင်း ဂန့်ဂေါမြို့၏ လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ပါရမီရှင်နာရေးကူညီမှုအသင်းမှတစ်ဆင့် ဒီဇင်ဘာ ၁၃ ရက်က ပေးအပ်ထောက်ပံ့လှူဒါန်းကြသည်။

 

အဆိုပါ အသွားအလာကန့်သတ်နယ်မြေ၌ ပြည်ပပြန်၊ ပြည်တွင်းပြန်များ၊ ဆက်စပ်သူများ ၉၀ ကျော် ရှိနေရာ ထောက်ပံ့လှူဒါန်းလိုသူများသည် ဦးတင်သောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့်ကော်မတီဝင် ဖုန်း-၀၉၄၀၀၃၀၂၄၈၇၊ ဦးခင်မောင်မြင့် မာဃသဟာယ လူမှုရေးအသင်း ဖုန်း-၀၉၂၅၆၀၉၀၄၅၅ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

၁၄၄

 

mdn