ထန်တလန်၊ ၁၄ ဒီဇင်ဘာ
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ထန်တလန်-ဟားခါးကားလမ်း မိုင်တိုင်အမှတ် (၁၇)မိုင်တိုင်၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီခွဲက မှန်လုံကားဖြူစိမ်းကြား (ချင်းတောင်တန်းကား) ခရီးသည်ယာဉ် တိမ်းမှောက်မှုကြောင့် (၂)ဦးသေဆုံးကာ (၉)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထန်တလန်မြို့မှ ဟားခါးမြို့ဘက်သို့ ထန်တလန်မြို့ အမှတ်(၁) ရပ်ကွက်နေ ဦးရုန်ကျဲအို (၂၂)နှစ် မောင်းနှင်ပြီး ခရီးသည်အပါအဝင် (၁၁)ဦးလိုက်ပါလာသော မှန်လုံကား ဖြူစိမ်းကြား (ချင်းတောင်တန်းကား) ခရီးသည်ယာဉ်သည် ထန်တလန်-ဟားခါးကားလမ်း မိုင်တိုင်အမှတ် (၁၇)မိုင်တိုင်အနီးတွင် ဘရိတ်ပေါက်သဖြင့် လမ်းဘယ်ဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိမ်းမှောက်မှုကြောင့် (၂)ဦးမှာ ဒဏ်ရာရ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းအပါအဝင် (၉)ဦးတွင် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးရှန်ကျဲအိုအား ထန်တလန်မြို့ နယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
